• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သြစတြေးလျ ခေါင်းဆောင်၏ စကားသည် နှစ်နိုင်ငံ ဆက်ဆံမှုကို ဆိုးဝါးစွာ ထိခိုက်ဟု ကင်စွမ် ဆို

(GMT+08:00) 2017-12-09 08:52:33

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ သြစတြေးလျ နိုင်ငံ ခေါင်းဆောင်၏ မကြာမီက ပြောကြားခဲ့သည့် စကားသည် တရုတ်-သြစတြေးလျ ဆက်ဆံမှုကို ဆိုးဝါးစွာ ထိခိုက်ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းအပေါ် ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်ပြီး သြစတြေးလျအား တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ပြီ ဖြစ်ကြောင်း ယခုလ ၈ ရက်နေ့က ပြောကြား ခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

မကြာမီက သြစတြေးလျ နိုင်ငံ ခေါင်းဆောင်က၊ တရုတ်ပြည်က သြစတြေးလျအား စိမ့်ဝင်မှု ပြုနေခြင်း သတင်းထုတ်ပြန်ချက်ကို တည်ကြည်လေးနက်စွာ သဘော ထားမည် ဖြစ်ပြီး နှစ်ဖက် ဆက်ဆံမှုအတွက် စည်းကြောင်းထားရမည်ဟု ယူဆကြောင်း ဖေါ်ပြခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio