• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ တရုတ်ပြည် သွင်းကုန်ပို့ကုန် ၁၅့ ၆ ရာခိုင်နှုန်း တိုးလာ

(GMT+08:00) 2017-12-09 08:23:04
တရုတ် အကောက်ခွန်ဌာနချုပ်မှ ယခုလ ၈ ရက်နေ့က ထုတ်ပြန်သော တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှုဆိုင်ရာ စာရင်းအရ၊ ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ တရုတ်ပြည် သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏမှာ ယွမ်ငွေ ဘီလီယံ ၂ သောင်း ၅၁၄၀ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၅့ ၆ ရာခိုင်နှုန်း တိုးလာကြောင်း၊ ယခုနှစ် တစ်နှစ်တာလုံး သွင်းကုန်ပို့ကုန် ပမာဏမှာ မှန်မှန် တိုးတက်မည်ဟု ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားကြောင်း သတင်း အရ သိရပါသည်။
   Webradio