• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တတိယ အကြိမ်မြောက် ကုလသမဂ္ဂ ပတ်ဝန်းကျင် ညီလာခံ ဖွင့်လှစ်

(GMT+08:00) 2017-12-05 10:06:01

၃ ရက်ကြာ ကျင်းပမည့် တတိယ အကြိမ်မြောက် ကုလသမဂ္ဂ ပတ်ဝန်းကျင် ညီလာခံကို ကင်ညာ နိုင်ငံ နိုင်ရိုဘီ မြို့ရှိ ကုလသမဂ္ဂ ပတ်ဝန်းကျင်ရေးရာ မဟာမင်းကြီးရုံး ၌ ဖွင့်လှစ်ခဲ့ကြောင်း၊ ကိုယ်စားလှယ် ထောင်ပေါင်းများစွာတို့သည် ညီလာခံသို့ တက်ရောက်ပြီး တစ်ကမ္ဘာလုံး၌ ဖြစ်ပွါးနေသော ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာ လက်တွဲ ဖြေရှင်းရန် အကြောင်းအရာကို ဆွေးနွေးကြမည် ဖြစ်ကြောင်း၊ ယခုအကြိမ် ညီလာခံ၏ ဆောင်ပုဒ်သည် ညစ်ညမ်းမှု ကင်းမဲ့သော ကမ္ဘာလုံးသို့ ချီတက်ကြစို့ ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ယခုအကြိမ် အစည်းအဝေးတွင် ဆုံးဖြတ်ချက် ၁၀ ကျော်ကို ဆွေးနွေးမည် ဖြစ်ပြီး လေထု ညစ်ညမ်းမှုကို ရည်စူးသော ဆောင်ရွက်မှုများကိုလည်း သတ်မှတ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio