• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့အင်တာနက် အစည်အးဝေး၏ ဆင်းရဲမှု လျှော့ချရေး ဖိုရမ် ကျင်းပ

(GMT+08:00) 2017-12-05 08:54:45

စတုတ္ထ အကြိမ်မြောက် ကမ္ဘာ့ အင်တာနက် အစည်းအဝေး၏ အင်တာနက်မှ တဆင့် ဆင်းရဲမှု လျှော့ချရေး ဖိုရမ်ကို ယခုလ ၄ ရက်နေ့ နံနက်ပိုင်းက တရုတ်ပြည် ကျဲ့ကျန်း ပြည်နယ် ဝူးကျင့်မြို့၌ ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဖိုရမ် တက်ရောက်သော ကိုယ်စားလှယ်များသည် ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးရေး အစီအစဉ်ကို ဝိုင်းဝန်းပြီး ဆွေးနွေးခဲ့ကြကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်း၊ နိုင်ငံခြား အစိုးရမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များသည် တရုတ်ပြည်၏ အင်တာနက်မှတဆင့် ဆင်းရဲမှု လျှော့ချရေး ဆိုင်ရာ ဆောင်ရွက်မှုများကို အတည်ပြု ချီးကျူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio