• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာ ပါတီ ခေါင်းဆောင်များ အဆင့်မြင့် ဆွေးနွေးပွဲကို ဘရာဇီးနိုင်ငံနိုင်ငံရေးပါတီချီးကျူး

(GMT+08:00) 2017-12-04 19:20:19

တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာ ပါတီ ခေါင်းဆောင်များ အဆင့်မြင့် ဆွေးနွေးပွဲကို ယခုလ ၃ ရက်နေ့က ပီကင်း၌ ကျင်းပ ပြီးစီး ခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲသို့ နိုင်ငံ ၁၂၀ ကျော်မှနိုင်ငံရေးပါတီနှင့်နိုင်ငံရေးအဖွဲ့အစည်း ၃၀၀ ခန့်မှ ခေါင်းဆောင်များတက်ရောက်ခဲ့ကြကြောင်းစီအာအိုင်သတင်းအရ သီရပါသည်။

ဥက္ကဌရှီကျင့်ဖိန်က ၁ ရက်နေ့ကကျင်းပသော ဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့ရာ လူသားကံကြမ္မာ အသိုက်အဝန်းတည်ထောက်ခြင်းကို အကြိမ်ကြိမ်ပြောမိခဲ့သည်။ဘရာဇီးနိုင်ငံအလုပ်သမားပါတီဥက္ကဌ ဟော်ဖ်မန်က လူသားကံကြမ္မာ အသိုက်အဝန်းတည်ထောက်ခြင်းသည် ကမ္ဘာ့ပြည်သူ ပြည်သားများသွေးစည်းညီညွတ်မှု၊ အကြပ်အတည်းရင်ဆိုင်ဖြေရှင်းမှုနှင့် အကျိုးတူဖွံ့ဖြိုးတိုးတက်မှု အတွက် ကောင်းကျိုးရှိကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။

 

   Webradio