• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ဟုနင်သည်၊ တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာပါတီခေါင်းဆောင်များ အဆင့်မြင့် ဆွေးနွေးပွဲသို့ တက်ရောက်သည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

(GMT+08:00) 2017-12-03 13:47:08

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ ဗဟိုကော်မတီ အတွင်းရေးမှူးရုံး အတွင်းရေးမှူး ဝမ်ဟုနင်သည်၊ ယခုလ ၂ ရက်နေ့က ပီကင်းတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာပါတီခေါင်းဆောင်များ အဆင့်မြင့် ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် နိုင်ငံခြားပါတီခေါင်းဆောင်အချို့နှင့် တွေ့ဆုံနှုတ်ဆက် ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရသည်။

ဝမ်ဟုနင်က၊ တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတကာပါတီခေါင်းဆောင်များ အဆင့်မြင့် ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၌ အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်၏ မိန့်ခွန်းပြောကြား ချက်သည်၊ ကမ္ဘာ့နိုင်ငံများမှ ပါတီများအနေနှင့်၊ လူသားကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရေးနှင့် သာယာဝပြောသော ကမ္ဘာတည်ဆောက်ရေးတွင် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ကြရန် တိုက်တွန်းခဲ့ကြကြောင်း သတင်းအရသိရသည်။

   Webradio