• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အရှေ့တောင်အာရှနိုင်ငံများမှ ရဲတပ်ဖွဲ့ဝင် ကိုယ်စားလှယ်အဖွဲ့များသည် ပေကျင်း အကြမ်းဖက်မှု တိုက်ဖျက်ရေး လေ့ကျင့်မှုကို ကြည့်ရှု

(GMT+08:00) 2017-11-30 14:28:06

ယခုလ ၂၈ရက်နေ့မှ ၂၉ရက်နေ့အထိ တရုတ်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အနီးပတ်ဝန်းကျင်နိုင်ငံများမှ မြို့တော်ရဲလုပ်ငန်း ဥပဒေကျင့်သုံးမှု ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးကို ပေကျင်းမြို့တွင် ကျင်းပခဲ့ကြောင်း၊ ယခုလ ၂၉ရက်နေ့ ညနေပိုင်းတွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုကျူးလွန်မှု ပြဿနာဆိုင်ရာရုံး၊ အာဆီယံရဲအဖွဲ့အစည်း၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အနီးပတ်ဝန်းကျင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ၁၈ဖွဲ့သည် ပေကျင်းပြည့်သူ့လုံခြုံရေး ဌာန အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် အထူးရဲတပ်ဖွဲ့ လေ့ကျင့်ရေးစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး လေ့ကျင့်မှု၊ ရဲတပ်ဖွဲ့သုံး ပစ္စည်း ကိရိယာများ၊ မီးသတ်ပစ္စည်းကိရိယာများကို ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio