• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ dark matter particles စူးစမ်းတိုင်းတာရေးဂြိုဟ်တုသည် စွမ်းအင်ကြွယ်အီလက်ထရွန် cosmic ray ကို ဖမ်းယူ

(GMT+08:00) 2017-11-30 10:10:08

မကြာမီက တရုတ် သိပံ္ပပညာ တံခွန်အသင်းကြီးက၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က လွှတ်တင်ခဲ့သော dark matter particles စူးစမ်းတိုင်းတာရေး ဂြိုဟ်တု ဝူခုန်းသည် ကမ္ဘာပေါ်တွင် အတိကျအမှန်ကန်ဆုံးသော စွမ်းအင်ကြွယ်အီလက်ထရွန် cosmic ray ကို ဖမ်းယူရရှိပြီ ဖြစ်ကြောင်း၊ ယင်းဂြိုဟ်တု၏ အီလက်ထရွန် cosmic ray ၏ စွမ်းအင် တိုင်းတာမှု အကျယ်အဝန်း ပိုမို ကျယ်ပြန့်လာပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါသည်။

dark matter particles စူးစမ်းတိုင်းတာရေးဂြိုဟ်တုဆိုင်ရာ ထိပ်တန်း သိပံ္ပပညာရှင်၊ ကြည်ကျင်ရှမ် နက္ခတ်တာရာဌာန ဒုဌာနမှူး ချမ်ကျင့်က၊ ဂြိုဟ်တု ဝူခုန်း၏ စွမ်းအင် တိုင်းတာရေး အတိုင်းအတာ အကျယ်အဝန်းသည် ကမ္ဘာပေါ်တွင် အခြားသော အာကာသ လုပ်ငန်းစဉ်များထက် ထင်ရှားသိသာစွာ ပိုမြင့်သဖြင့် ယင်းသည် သိပံ္ပပညာရှင်များ၏ အာကာသ စူးစမ်းလေ့လာရေး မြင်ကွင်းကို တိုးချဲ့ပေးနေကြောင်း ပြောကြားပါသည်။

   Webradio