• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လေထုညစ်ညမ်းမှုကြောင့် အိန္ဒိယနိုင်ငံမှာ ကလေး သုံးပုံတစ်ပုံသည် အဆုတ် ထိခိုက်မှုခံရ

(GMT+08:00) 2017-11-29 13:39:13

    အိန္ဒိယ သိပ္ပံနည်းပညာနှင့် ပတ်ဝန်းကျင် စင်တာမှ မကြာခင်က ထုတ်ပြန်သော သုတေသန အစီရင်ခံစာ၌ လေထုညစ်ညမ်းမှုပြင်းထန် ဆိုးဝါးသော ဒေလီဒေသတွင် ကလေး သုံးပုံတစ်ပုံသည် အဆုတ် ထိခိုက်မှုခံနေရကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

   အိန္ဒိယနိုင်ငံ အချိန်မတိုင်မီ သေဆုံးသူ ၃၀ရာခိုင်နှုန်းခန့်သည် လေထုညစ်ညမ်းမှု ကြောင့်ဖြစ်စေခြင်း ဖြစ်သည်ဟု အစီရင်ခံစာအရ သိရကြောင်း၊ အိန္ဒိယနိုင်ငံ မြို့တော်နှင့် အနီးပတ်ဝန်းကျင်တွင် ဆိုးဝါးသော မီးခိုးမြူထူထပ်ခြင်းများ ရက်ပေါင်းများစွာ ဖြစ်ပေါ်ပြီးနောက် ၎င်းသုတေသန အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသည် လေထုညစ်ညမ်းမှု ထပ်မဆိုးဝါးစေဖို့ အစိုးရအရေးပေါ် ဆောင်ရွက်မှုပြုလုပ်စေရန် ရည်ရွယ်ထားကြောင်း အစီရင်ခံစာ၌ ရေးသားထားပါသည်။

   Webradio