• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ငြိမ်းချမ်းရေးသည်၊ မွန်ဂျယ်ယဉ်၏ အဓိက ရည်မှန်းချက်ဖြစ်ဟု တောင်ကိုးရီးယား စည်းလုံး ညီညွတ်ရေးဝန်ကြီးဆို

(GMT+08:00) 2017-11-29 10:58:46

    တောင်ကိုးရီးယားနိုင်ငံ စည်းလုံးညီညွတ်ရေးဝန်ကြီး ချိုမြွန်ဂျွင်က ငြိမ်းချမ်းရေးသည် တောင်ကိုးရီးယားသမ္မတ မွန်ဂျယ်ယဉ်၏ ကိုးရီးယားကျွန်းဆွယ်ရေးရာမူဝါဒတွင် အဓိက ရည်မှန်းချက်ဖြစ်ပြီး၊ လက်ရှိကာလအတွင်း မြောက်ကိုးရီးယားနိုင်ငံအပေါ် ပြုလုပ်နေသော အရေးယူမှုနှင့် ဖိအားပေးမှုတို့သည်၊ မြောက်ကိုးရီးယားအား စေ့စပ်ဆွေးနွေးရေး လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေခြင်းပင်ဖြင်ကြောင်း ယခုလ ၂၈ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုနေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌၊သမ္မတမွန်ဂျယ်ယဉ်၏ ကိုးရီးယား ကျွန်းဆွယ်ရေးရာမူဝါဒတွင် ကျွန်းဆွယ်နျူကလီးယားပြဿနာဖြေရှင်းရေး၊ ကျွန်းဆွယ် ရေရှည် ငြိမ်းချမ်းမှု၊ ဆက်တိုက်ဖွံ့ဖြိုးသော တောင်၊မြောက်ကိုးရီးယားဆက်ဆံမှု တည်ဆောက်ရေး နှင့် ကျွန်းဆွယ်စီးပွားရေးအသိုက်အဝန်းသစ် ထူထောင်ရေးစသည့် ရည်မှန်းချက် ၃ခု ပါဝင် ကြောင်း ချိုမြွန်ဂျွင်ကပြောကြားခဲ့သည်ဟု သတင်အရသိရသည်။

   Webradio