• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အင်ဒို ဒုဝန်ကြီးချုပ်အဆင့် ကူးလူးဖလှယ်ရေးစနစ် တတိယ အကြိမ် အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-11-29 09:46:29

တရုတ်-အင်ဒိုနီးရှား ဒုဝန်ကြီးချုပ်အဆင့် လူမှုရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး စနစ် တတိယအကြိမ် အစည်းအဝေးကို ယခုလ ၂၈ ရက်နေ့က အင်ဒိုနီးရှား နိုင်ငံ စိုလို မြို့၌ ကျင်းပခဲ့ကြောင်း၊ တရုတ် နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် လျူယန်တုန်းနှင့် အင်ဒိုနီးရှား လူသားဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး ပူအန်တို့သည် ယခုအကြိမ် အစည်အးဝေးကို ပူးတွဲ ကြီးမှူး ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

လျူယန်တုန်းက၊ တရုတ်-အင်ဒိုနီးရှား လူမှုရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး စနစ်သည် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ သဘောတူညီမှုများ ဖေါ်ဆောင်ရန်နှင့် Belt and Road လက်တွဲ တွန်းအားပေးရေးဆိုင်ရာ အရေးကြီး ဆောင်ရွက်မှု ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio