• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စတုတ္ထအကြိမ်မြောက်တရုတ်တက္ကသိုလ်ကောလိပ်ပြပွဲကို ရန်ကုန်မြို့၌ ကျင်းပ

(GMT+08:00) 2017-11-28 15:29:01

စတုတ္ထအကြိမ်မြောက်တရုတ်တက္ကသိုလ်ပညာရေးပြပွဲကို ယခုလ၂၇ရက်နေ့က မြန်မာနိုင်ငံရန်ကုန်မြို့၌ ကျင်းပြပြီး တရုတ်ပြည်မှ တက္ကသိုလ်၈ခုမှ ကျောင်းသားသစ်ခေါ်ယူလက်ခံခြင်းဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာပြည်ရှိတရုတ်ဘာသာ ကျောင်းမှ ကျောင်းသားကျောင်းသူများနှင့် ၄င်းတို့၏ မိဘများစုစုပေါင်း၂၀၀ကျော်တို့သည် ယခုအကြိမ်ပြပွဲသို့တက်ရောက် ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

ယခုအကြိမ်ပြပွဲတွင် ပါဝင်ပြသသော တရုတ်ပြည်မှတက္ကသိုလ်များသည် တရုတ်အနွယ်ဖွားများတက္ကသိုလ်၊ ထျန်ကျင်းတရုတ်တိုင်းရင်းဆေးတက္ကသိုလ်၊ ရှန်ဟိုင်း ပင်လယ်ရေးရာတက္ကသိုလ်၊ တရုတ်တုန်းဟွာတက္ကသိုလ်၊ ရှန်ဟိုင်းတက္ကသိုလ်၊ ဘေဟွာတက္ကသိုလ်၊ ယူနန်တက္ကသိုလ်နှင့် ရှန်ဟိုင်းလိရှင်စာရင်းကိုင်နှင့်ငွေကြေး ကောလိပ်စသည့်တက္ကသိုလ်၊ကော်လိပ်များဖြစ်ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

   Webradio