• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အင်ဒိုနီးရှား သိပ္ပံ​နည်း​ပ​ညာ​​ဆန်းသစ်တီထွင်ရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ဖွင့်လှစ်

(GMT+08:00) 2017-11-28 11:19:38
တရုတ်-အင်ဒိုနီးရှား သိပ္ပံနည်းပညာနှင့်ဆန်းသစ်တီထွင်ရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ယခုလ၂၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ သိပ္ပံနည်းပညာနှင့် အဆင့်မြင့်ပညာရေးဝန်ကြီးဌါန၌ ကြီးကျယ်ခန်းနားစွာ ကျင်းပရာ နှစ်နိုင်ငံ သိပ္ပံနည်းပညာ၊ပညာရေးလောကနှင့် လုပ်ငန်းကုမ္ပဏီများမှ ကိုယ်စားလှယ်များသည် အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း ပြည်သူ့သတင်းစာမှ သတင်းအရ သိရပါသည်။

နှစ်ဦးနှစ်ဖက်တို့သည် တရုတ်-အင်ဒိုနီးရှား သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး ပူးပေါင်းဆောင်ရွက်မှု ၃နှစ်တာ စီမံကိန်းကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံသိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့် မည်ဖြစ်ကြောင်း သိရသည်။

   Webradio