• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ဆဌမ အကြိမ်မြောက် တရုတ်-အလယ်အရှေ့ဥရောပ ထိပ်သီး အစည်းအဝေး တက်ရောက်

(GMT+08:00) 2017-11-28 09:11:53

တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ဒေသစံတော်ချိန် ယခုလ ၂၇ ရက်နေ့က ဘူဒါဘက်မြို့၌ ဆဌမ အကြိမ်မြောက် တရုတ်-အလယ်အရှေ့ဥရောပ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း၊ တရုတ်နှင့် အလယ်အရှေ့ဥရောပ ၁၆ နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များသည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း၊ ဥရောပသမဂ္ဂ၊ သြစတြီးယား၊ ဆွစ်ဇာလန်၊ ဂရိ၊ ဘီလာရုစ်နှင့် ဥရောပ ရှင်သန် ဖွံ့ဖြိုးရေးဘဏ်တို့သည် အကဲခတ်များ အနေနှင့် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

လီခေ့ချန်က၊ လွန်ခဲ့သည့် ငါးနှစ်အတွင်း ၁၆+၁ ပူးပေါင်းဆောင်ရွက်မှုသည် အဆက်မပြတ် တိုးတက်လာကြောင်း၊ သက်ဆိုင်ရာ စနစ်များ ရင့်ကျက်သည်ထက် ရင့်ကျက်လာနေကြောင်း၊ အရေးကြီး သြဇာညောင်းမှုရှိသည့် ဒေသဖြတ်ကျော် ပူးပေါင်း ဆောင်ရွက်ရေးစနစ် ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

လီခေ့ချန်သည် "စီးပွါးကုန်သွယ်ရေးနှင့် ငွေကြေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းအောင် ဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရှိစေရေး ဖွံ့ဖြိုးတိုးတက်မှုကို အားသစ် လောင်းပေးခြင်း" ဆောင်ပုဒ်နှင့် ပတ်သက်ပြီးလည်း အဆိုပြုချက် ၅ ရပ်ကို တင်ပြထားကြောင်း သတင်း ရရှိပါသည်။

   Webradio