• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အင်ဒိုတို့ ရုပ်ရှင်ကား "ငလျင်ဒီလှိုင်း" ပူးတွဲ ရိုက်ကူးမည်

(GMT+08:00) 2017-11-27 17:09:55

၂၀၀၄ ခုနှစ် နှစ်ကုန်ပိုင်းက ဖြစ်ပွါးခဲ့သော အင်ဒိုနီးရှား ငလျင်ဒီလှိုင်းတွင် တရုတ် ကယ်ဆယ်ရေးအဖွဲ့က ဘေးကယ်ဆယ်ရေး အကြောင်းဆိုင်ရာ ရုပ်ရှင်ကား  "ငလျင်ဒီလှိုင်း" ကို တရုတ်နှင့် အင်ဒိုနီးရှားတို့ ပူးတွဲ ရိုက်ကူးမည် ဖြစ်ကြောင်း၊ မကြာမီက တရုတ် နိုင်ငံတော် သတင်း ထုတ်ဝေဖြန့်ချိရေး၊ အသံလွှင့် ရုပ်ရှင် ရုပ်မြင်သံကြား ဦးစီးဌာနချုပ် ဒုအတွင်းရေးမှူးချုပ် ထုံကမ်းနှင့် အင်ဒိုနီးရှား ဆန်းသစ်စီးပွါးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မူနာဖှ်တို့ ရှေ့မှောက်၌ သက်ဆိုင်ရာ စာချုပ်များကို ချုပ်ဆို ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ထုံကမ်းက၊ ယခု အကြိမ် အခွင့်ကောင်းဖြင့် တရုတ်-အင်ဒိုနီးရှား ရုပ်ရှင် လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဘက်စုံ တိုးမြှင့်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

   Webradio