• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အရှေ့အလယ်ပိုင်း ဒေသ အကြမ်းဖက်မှု တိုက်ဖျက်ရေး တာဝန် ကြီးလေးနေသေး

(GMT+08:00) 2017-11-27 14:57:59

ယခုလ ၂၄ရက်နေ့က အီဂျစ် နိုင်ငံ မြောက်ဆိုင်းနိုက် ပြည်နယ်ရှိ ဗလီကျောင်း တစ်ခုတွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားရာ လူ၃၀၅ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း၊ ၄င်းအကြမ်းဖက် တိုက်ခိုက်မှု ပြုလုပ်သူများသည် အစွန်းရောက် အိုင်အက်စ်အဖွဲ့၏ အလံကို ကိုင်ဆောင်ထားခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

အကဲခတ်ပုဂ္ဂိုလ်များက ယခုအကြိမ် အကြမ်းဖက် တိုက်ခိုက်မှုသည် အိုင်အက်စ် အဖွဲ့နှင့် သက်ဆိုင်ကြောင်း၊ ရက်စက်သည့် အကြမ်းဖက်မှု ပြုလုပ်ခြင်း နည်းလမ်းသည် အိုင်အက်စ်အဖွဲ့ အနေနှင့် ယိုယွင်းဆုတ်ယုတ်နေတာကို ပြဆိုနေကြောင်း၊ ဆီးရီးယားနှင့် အီရတ် နိုင်ငံတွင် အိုင်အက်စ်အဖွဲ့ ကမ်းကုန်လမ်းကုန် ဖြစ်နေသော်လည်း အရှေ့အလယ် ပိုင်းဒေသတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးသည် တာဝန် ကြီးလေးနေသေးကြောင်း၊ အစွန်းရောက် အကြမ်းဖက်မှုကို ကြိုတင်ကာကွယ်ရန် လိုအပ်သည့် အပြင်၊ ဒေသတွင်း အခြေအနေ မတည်မငြိမ်ဖြစ်မှုကြောင့် အစွန်းရောက် အဖွဲ့များ ပြန်လည် လွှမ်းမိုး မလာအောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ယူဆကြသည်။

ဆီးရီးယား အကဲခတ်ပုဂ္ဂိုလ်များက ဆီးရီးယား ပြည်တွင်း အိုင်အက်စ်အဖွဲ့ တိုက်ဖျက်ရေး စစ်ရေးဆောင်ရွက်မှုများ ပြီးဆုံးရန် နီးစပ်နေပြီ ဖြစ်ကြောင်း၊ အိုင်အက်စ်အဖွဲ့သည် စစ်ရေးအရ အသုံးသတ်ရန် အချိန်ပင် ဖြစ်ကြောင်း၊ သို့သော် ယင်းသည် ဆီးရီးယားတွင် အိုင်အက်စ်အဖွဲ့ လုံးဝ ပပျောက်မည့် သဘော မဆောင်ကြောင်း ယူဆသည်။

   Webradio