• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အကြောင်းအရာဟောပြောဖြန့်ချိရေးအဖွဲ့ ဂျပန်တွင် ခရီးလှည့်လည်

(GMT+08:00) 2017-11-27 13:23:36

      ဂျပန်နိုင်ငံ လစ်ရယ် ဒီမိုကရက်တစ်ပါတီနှင့် ကိုမေတိုပါတီတို့၏ ဖိတ်ကြားချက်အရ၊ တရုတ်ကွန်မြူနစ်ပါတီ သင်တန်းကျောင်း ဒု အမြဲတမ်းကျောင်းအုပ်ကြီး ဟိုယိထိန်ဦးဆောင် သော ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံအကြောင်းအရာဟောပြောဖြန့်ချိရေးအဖွဲ့သည်၊ ယခုလ ၂၃ ရက်နေ့ မှ ၂၆ ရက်နေ့အထိ ဂျပန်နိုင်ငံတွင် ခရီးလှည့်လည်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရ သည်။

ဂျပန်သက်ဆိုင်ရာပါတီများသည်၊ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံး ဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံအောင်မြင်စွာ ကျင်းပခြင်းနှင့် ရှီကျင့်ဖိန်က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးထပ်မံအရွေး ခံရခြင်းအပေါ် ထောပနာပြုပြီး၊ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ် များ ညီလာခံ၏ အောင်မြင်မှုနှင့် အဓိပ္ပါယ်များကို တန်ဖိုးထားချီးကျူးကာ၊ တရုတ်-ဂျပန်ဆက်ဆံမှုအဆက်မပြတ်ကောင်းမွန်လာရန်မျှော်လင့် ပါကြောင်းဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio