• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာ မိသားစုကြီးသည် အီဂျစ် အကြမ်းဖက်တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချ

(GMT+08:00) 2017-11-26 08:36:13

ယခုလ ၂၄ ရက်နေ့က အီဂျစ်နိုင်ငံ မြောက်စီနိုင် ပြည်နယ်မှ ဗလီကျောင်း တစ်ကျောင်း၌ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွါးခဲ့ရာ လူ ၂၃၅ ဦးထက်မနည်း သေဆုံးပြီး ၁၀၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နိုင်ငံတကာ မိသားစုကြီးသည် ယင်းအကြမ်းဖက် တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချပြီး အကြမ်းဖက်မှုကို လက်တွဲ တိုက်ဖျက်ရန် ပန်ကြား ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ၂၄ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး ယင်းအကြမ်းဖက်တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါသည်။

အာရပ် နိုင်ငံများအဖွဲ့ချုပ် အတွင်းရေးမှူးချုပ် ဂိတ်ဒ်ကလည်း ကြေညာချက် ထုတ်ပြန်ပြီး အီဂျစ်အစိုးရက အကြမ်းဖက်မှု တိုက်ဖျက်ရေးကို ထောက်ခံကြောင်း ဖေါ်ပြထားပါသည်။

   Webradio