• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုမီးတောင်ပန်းထွက်မှုကြောင့် တရုတ်ခရီးသည်များအား တရုတ်ကောင်စစ်ဝန်ရုံး သတိပေး

(GMT+08:00) 2017-11-23 14:46:41

      အင်ဒိုနီးရှားနိုင်ငံ ဗာလီကျွန်း အာဂွမ်-မီးတောင်သည်၊ ယခုလ ၂၁ ရက်နေ့ ညနေပိုင်း က စတင်ပန်းထွက်ခဲ့ရာ၊ Denpasar မြို့ဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးသည်၊ ၂၂ ရက်နေ့ က အင်တာနက်ကြေညာချက်ထုတ်ပြန်ခဲ့ပြီး၊ တရုတ်ခရီးသည်များအနေနှင့်၊ မီးတောင် တစ်ဝိုက်ရှိ အန္တရာယ်ရှိရာ ဒေသများသို့ မသွားဘဲ၊ ကိုယ့်လုံခြုံရေးကို သတိထား ရန် သတိပေးနှိုးဆော်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနကရေးသားဖော်ပြသည်။

အာဂွမ်မီးတောင်သည်၊ ယခုနှစ် စက်တင်ဘာလကုန်ပိုင်းမှစ၍ ကြိမ်ပေါင်းများစွာ ငလျင်လှုပ်ခတ်ခဲ့သောကြောင့်၊ မီးတောင်ပေါက်ကွဲနိုင်ဖွယ်ရာပိုများလာသည်ကို ပြဆိုနေ သည်ဟု သတင်းအရသိရသည်။

   Webradio