• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှနှင့် ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကျင်းပမည်

(GMT+08:00) 2017-11-20 15:09:52

၁၃ကြိမ်မြောက် အာရှနှင့် ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို  ယခုလ ၂၀ရက်နေ့မှ ၂၁ရက်နေ့အထိ မြန်မာ နိုင်ငံ နေပြည်တော်တွင် ကျင်းပမည်ဟု တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

အာရှနှင့် ဥရောပ အစည်းအဝေး စနစ် တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၂၀ကျော် အတွင်း နိုင်ငံတကာ အခြေအနေ လျင်မြန်စွာ ပြောင်းလဲခဲ့သော်လည်း အာရှနှင့် ဥရောပ အကြားရှိ ဆက်ဆံမှုသည် ပိုမိုနွေးထွေးလာကြောင်း၊ အာရှ-ဥရောပ ပူးပေါင်းဆောင် ရွက်ရေးသည် ပိုမိုများပြားသည့် မဟာဗျူဟာမြောက် အနက်အဓိပ္ပါယ် ရှိလာကြောင်း ရေးသားဖော်ပြသည်။

အာရှနှင့် ဥရောပ အစည်းအဝေး စနစ်ဆိုင်ရာ တရုတ် အဆင့်မြင့် အရာရှိ ရှဲ့ပိုဟွာက မိမိတို့သည် အပြန်အလှန် လေးစားရေးနှင့် တန်းတူညီမျှစွာ ညှိနှိုင်းဆွေးနွေးရေး ရှိသော အာရှ-ဥရောပ နိုင်ငံရေး မိတ်ဖက် ဆက်ဆံမှု တည်ဆောက်ရန်၊ ပွင့်လင်းမှု၊ ဆန်းသစ်တီထွင်မှု၊ သက်ညှာထောက်မှုနှင့် အပြန်အလှန် အကျိုးရှိစေရေး ရှိသော အာရှ-ဥရောပ စီးပွားရေး မိတ်ဖက် ဆက်ဆံမှု တည်ဆောက်ရန်၊ အလွယ်တကူ ပေါ့ပေါ့ဆဆနှင့် သဘောတူခြင်း မရှိဘဲ သင့်မြတ်သော ပေါင်းသင်းဆက်ဆံရေးနှင့် သက်ညှာထောက်ထားမှု ရှိသော အာရှ-ဥရောပ ယဉ်ကျေးမှု မိတ်ဖက် ဆက်ဆံမှု တည်ဆောက်ရန် လိုအပ်ကြောင်း၊ တရုတ်ပြည်သည် အာရှနှင့် ဥရောပ နိုင်ငံ အသီးသီးတို့နှင့် အတူ အာရှနှင့် ဥရောပ ပြည်သူများ၏ အနာဂတ်ရေး အတွက် အတွေ့အကြုံနှင့် ဥာဏ်စွမ်းဥာဏ်စများ ပေးနိုင်အောင် လက်တွဲ ကြိုးပမ်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio