• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့် ပါနာမာ နိုင်ငံ သမ္မတ ဗာရေလာနှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2017-11-18 16:20:17

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၇ရက်နေ့က ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီးတွင် တရားဝင် အလည်အပတ် ရောက်ရှိလာသော ပါနာမာ နိုင်ငံ သမ္မတ ဗာရေလာနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က သမ္မတ ပါရေလာသည် တရုတ်ပြည်သို့ လာရောက် ခရီးလှည့်လည်သော ပထမဆုံး ပါနာမာ နိုင်ငံ သမ္မတ ဖြစ်သလို တရုတ် ကွန်မြူနစ် ပါတီ ၁၉ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပပြီး တရုတ်ပြည်သို့ လာရောက် ခရီးလှည့်လည်သော ပထမဆုံး လက်တင် အမေရိကန် နိုင်ငံ ထိပ်သီးခေါင်းဆောင်လည်း ဖြစ်ကြောင်း၊ မိမိသည် တရုတ် ပြည်သူများ၏ ကိုယ်စား သမ္မတ ဗာရေလာ၏ ခရီးလှည့်လည်ခြင်း အပေါ် လှိုက်လှဲစွာ ကြိုဆိုကြောင်း၊ တရုတ်နှင့် ပါနာမာ နှစ်နိုင်ငံ အကြား သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့် ၅လအတွင်း နှစ်နိုင်ငံသည် နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို လျင်မြန်စွာ ပြုလုပ်နေကြောင်း၊ တရုတ်ပြည် အနေနှင့် ပါနာမာနိုင်ငံနှင့် အတူ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရန် လက်တွဲ ကြိုးပမ်းလိုကြောင်းလည်း ပြောကြားသည်။ 

ဗာရေလာက မိမိသည် ပါနာမာ နိုင်ငံ သမ္မတ အနေနှင့် တရုတ်ပြည်သို့ လာရောက် ခရီးလှည့်လည်နိုင်သည့် အတွက် အလွန် ဂုဏ်ယူမိကြောင်း၊ ပါနာမာနိုင်ငံ အနေနှင့် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ခိုင်မာပြတ်သားစွာ စွဲကိုင်ပြီး တရုတ်ပြည်၏ ငြိမ်းချမ်းရေးနှင့် တပေါင်းတစည်းတည်းဖြစ်ရေးကို ခိုင်မာပြတ်သားစွာ အားပေးထောက်ခံ မည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

   Webradio