• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် ဖိလစ်ပိုင် သမ္မတတို့သည် တရုတ်ပြည်က ဖိလစ်ပိုင်အား ကူညီ ဆောက်လုပ် ပေးသော မနီလာ တံတားနှင့် မူးယစ်ဆေးဖြတ်စခန်းများ လုပ်ငန်းစဉ် ဖွင့်ပွဲသို့ တက်ရောက်

(GMT+08:00) 2017-11-16 08:42:17

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ဒေသစံတော်ချိန် ယခုလ ၁၅ ရက်နေ့ ညနေပိုင်းက မနီလာမြို့ရှိ သမ္မတရုံး၌ ဖိလစ်ပိုင် သမ္မတ ဒူတာတယ်နှင့်အတူ တရုတ်နိုင်ငံက ဖိလစ်ပိုင်အား ကူညီဆောက်လုပ်ပေးသော မနီလာမြို့ ပါဇီဂေမြစ် တံတား နှစ်စင်းနှင့် မူးယစ်ဆေးဖြတ် စခန်း နှစ်ခု လုပ်ငန်းစဉ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

အထက်ပါ တံတား နှစ်စင်း ဆောက်လုပ် ပြီးနောက် မနီလာ မြို့ ယာဉ်ကျောပိတ်ဆို့မှု များစွာ လျော့ပေါ့စေမည် ဖြစ်ကြောင်း၊ မူးယစ်ဆေးဖြတ် စခန်း နှစ်ခုသည် လူ ၃၀၀ အတွက် မူးယစ်ဆေးဖြတ် ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်ကြောင်း သိရပါသည်။

   Webradio