• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ဖိလစ်ပိုင်အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံ

(GMT+08:00) 2017-11-15 14:58:58

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် ယခုလ၁၅ရက်နေ့နံနက်ပိုင်းက မနီလာမြို့ရှိ တည်းခိုရာဟိုတည်၌ ဖိလစ်ပိုင်အထက်လွှတ်တော်ဥက္ကဋ္ဌ ပီမန်အိုတာနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင်သတင်းအရသိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးချုပ်လီခေ့ချန်က ယခုအကြိမ် ဖိလစ်ပိုင်ခရီးစဉ်၏ ရည်ရွယ်ချက်မှာ အပြန်အလှန်ရိုသေလေးစားခြင်းနှင့် တန်းတူညီမျှခြင်းကိုအခြေခံပြီး တရုတ်-ဖိလစ်ပိုင်ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု၏ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။

   Webradio