• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၀+၃ ထိပ်သီးအစည်းအဝေးတွင် လီခေ့ချန်က အရှေ့အာရှ စီးပွါးရေး အသိုက်အဝန်း တည်ထောင်ရေးကို တွန်းအားပေးရန် ပန်ကြား

(GMT+08:00) 2017-11-15 09:12:45

ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့ နံနက်ပိုင်းက တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ဖိလစ်ပိုင် နိုင်ငံတကာ အစည်းအဝေး စင်တာ၌ အကြိမ် ၂၀ မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

အစည်းအဝေးတွင်၊ လီခေ့ချန်က၊ အရှေ့အာရှ စီးပွါးရေး အသိုက်အဝန်းကို တည်ထောင်ရန်မှာ အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ၁၀+၃ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မဟာဗျူဟာမြောက် ရည်မှန်းချက် တစ်ရပ် ဖြစ်ကြောင်း၊ ယခုအကြိမ် အစည်းအဝေးတွင် သဘောတူညီမှုများကို တဆင့်တိုး အားဖြည့်ပြီး ဒေသတွင်း တပြေးညီ ဖြစ်ရေးကို ထောက်ခံရန်နှင့် အရှေ့အာရှ စီးပွါးရေး အသိုက်အဝန်းကို တွန်းအားပေးရန် အချက်များ ပြသနိုင်မည်ဟု တရုတ်ပြည်က မျှော်လင့်ကြောင်း ပြောကြားပါသည်။

လီခေ့ချန်က၊ အရှေ့အာရှ စီးပွါးရေး အသိုက်အဝန်း တည်ထောင်ရာတွင် ရည်မှန်းချက် တစ်ရပ်ကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ ယင်းသည် ဒေသတွင်း စီးပွါးရေး တပြေးညီ ဖြစ်စဉ်ကို တွန်းအားပေးပြီး ပေါင်းစပ် ဖွံ့ဖြိုးရေးနှင့် အကျိုးတူ ဖွံ့ဖြိုးရေးကို အကောင်အထည် ဖေါ်ဆောင်ရန် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio