• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အကြိမ် ၂၀ မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ထိပ်သီးအစည်းအဝေး မနီလာ၌ ကျင်းပ

(GMT+08:00) 2017-11-14 14:59:22

အကြိမ် ၂၀ မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ထိပ်သီးအစည်းအဝေကို ယခုလ ၁၄ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

ဖိလစ်ပိုင် သမ္မတ ဒူတာတယ်သည် အစည်းအဝေးကို ကြီးမှူး ကျင်းပပြီး၊ တရုတ် ဝန်ကြီးချုပ် လီခေ့ချန်၊ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တောင်ကိုးရီးယား သမ္မတ မူဂျေအင်တို့သည် အစည်းအဝေးသို့ တက်ရောက် ခဲ့ကြကြောင်း သိရပါသည်။

    အစည်းအဝေးတွင် ၁၀+၃ ပူးပေါင်းဆောင်ရွက်မှုကို နောက်ကြောင်းပြန် သုံးသပ်ပြီး အနာဂတ် တိုးတက်ရေး ဦးတည်ချက်ကို ဆွေးနွေးခဲ့ကြကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်စပ်ခြင်း၊ ပတ်ဝန်းကျင်နှင့် ဆက်တိုက် ဖွံ့ဖြိုးရေး စသည့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio