• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ လာအိုနိုင်ငံ၌ ထုတ်ပြန်သော ဆောင်းပါးကို လာအိုပြည်သူများ အာရုံစိုက်ကြ

(GMT+08:00) 2017-11-14 11:05:30

        တရုတ်ကွန်မြူတစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၃ ရက်နေ့ကစပြီး လာအိုနိုင်ငံ၌ တရားဝင် ခရီးလှည့်လည်သည့် အတောအတွင်း တရုတ်-လာအို မဟာဗျူဟာမြောက် ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ တည်ထောင်ကြခြင်း ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ်ကို လာအိုမီဒီယာများတွင် ထုတ်ပြန် ခဲ့ပြီးနောက် လာအိုနိုင်ငံ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များသည် ယင်းဆောင်းပါးကို အာရုံစိုက်ကြပြီး ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်အနေနှင့် နှစ်နိုင်ငံဆက်ဆံမှု ဘက်စုံနက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပိုမိုကောင်းမွန်သော ရှေ့းအလားအလာကို နှစ်နိုင်ငံ လက်တွဲတည်ထောင်ရန် မျှော်လင့်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        တရုတ်-လာအို မီးရထားလမ်းလုပ်ငန်းတွင် လုပ်ဆောင်နေသော လာအိုအလုပ်သမား တစ်ယောက်က မိမိသည် ဥက္ကဋ္ဌရှီကျင့်ဖိန်၏ လာအိုခရီးစဉ်ကို ကြိုဆိုကြောင်း၊ လာအို-တရုတ်ဆက်ဆံမှု ပိုမို ကောင်းမွန်လာလျှင် မိမိတို့၏ အလုပ်အကိုင် အခွင့်ကောင်းများလည်း များပြားလာမည်ဖြစ်ကြောင်း၊ လာအို-တရုတ် မီးရထားလမ်း တည်ဆောက်ပြီးနောက် မိမိတို့သည် တရုတ်ပြည်နှင့် ပိုမိုရင်းနှီးလာမည်ဖြစ်ကြောင်း ယခုလ ၁၃ ရက်နေ့က ဥက္ကဋ္ဌရှီကျင့်ဖိန်၏ လာအိုမီဒီယာများတွင် ထုတ်ပြန်သော ဆောင်းပါးကို ဖတ်ရှုပြီးတော့ ဝမ်းမြောက်စွာ ပြောကြားသည်။

        လာအို-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ၊ စွမ်းအင်နှင့် သတ္တုလုပ်ငန်း ဝန်ကြီးဌာနဝန်ကြီး ကမ်မာနီ-အင်သီလာက လာအိုနိုင်ငံ၏ Belt and Road တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ပြီးသည့်နောက် ရရှိခဲ့သော အောင်ကျိုးရလဒ်များအပေါ် ချီးကျူးပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တွန်းအားပေးပြီး လာအိုနိုင်ငံ၏ ဖွံ့ဖြိုးမှုအတွက် အခြေအနေကောင်း ဖန်တီးပေးရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio