• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် လာအို၌ ခရီးလှည့်လည်

(GMT+08:00) 2017-11-13 19:58:56
တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် လာအိုနိုင်ငံ၌ တရားဝင် ခရီး လှည့်လည်ရန် ဒေသစံတော်ချိန် ယခုလ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဗီယင်ကျမ်းမြို့သို့ ရောက်ရှိခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။ရှီကျင့်ဖိန်သည် လေဆိပ်၌ မိန့်ခွန်းလွှာ ထုတ်ပြန်ပြီး၊ တရုတ်နှင့် လာအို နှစ်နိုင်ငံစလုံးသည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်သော ဆိုရှယ်လစ် နိုင်ငံ ဖြစ်ပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ ရဲဘော်ကောင်းနှင့် မိတ်ဖက်ကောင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အကြား ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုသည် နက်ရှိုင်းစွာ တိုးတက်လာနေကြောင်း ပြောကြားပါသည်။
   Webradio