• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် အရှေ့အာရှ ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန်နှင့် ဖိလစ်ပိုင်၌ ခရီးလှည့်လည်ရန် မနီလာသို့ ရောက်ရှိ

(GMT+08:00) 2017-11-12 19:41:48
တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် အာဆီယံ အလှည့်ကျ သဘာပတိနိုင်ငံ ဖိလစ်ပိုင် သမ္မတ ဒူတာတယ်၏ ဖိတ်ကြားချက်အရ မနီလာ၌ ကျင်းပသော အကြိမ် ၂၀ မြောက် တရုတ်- အာဆီယံ ထိပ်သီးအစည်းအဝေး၊ အကြိမ် ၂၀ မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ထိပ်သီး အစည်းအဝေး၊ ၁၂ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး တက်ရောက်ရန်နှင့် ဖိလစ်ပိုင်၌ တရားဝင် ခရီးလှည့်လည်ရန် ဒေသစံတော်ချိန် ယခုလ ၁၂ ရက်နေ့ ညနေပိုင်းက အထူး လေယာဉ်ဖြင့် မနီလာသို့ တက်ရောက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။လီခေ့ချန်က၊ မျက်မှောက်ကာလတွင် တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှုသည် မှန်မှန် တိုးတက်နေကြောင်း၊ ယင်းသည် နှစ်နိုင်ငံနှင့် ဒေသတွင်း ပြည်သူများ၏ တူညီသော အကျိုးစီးပွါးနှင့် မျှော်လင့်ချက်နှင့် ကိုက်ညီပါကြောင်း ပြောကြားပါသည်။အစည်းအဝေးများ တက်ရောက်စဉ်အတွင်း လီခေ့ချန်သည် အာဆီယံ ခေါင်းဆောင်များနှင့်အတူ အာဆီယံ တည်ထောင်သည့် နှစ် ၅၀ ပြည့်ကို အထိမ်းအမှတ် ပြုမည် ဖြစ်ကြောင်း၊ ဒေသတွင်း ဘက်စုံ စီးပွါးရေး မိတ်ဖက်ဆက်ဆံမှု စာချုပ် ထိပ်သီး အစည်းအဝေး တက်ရောက်မည် ဖြစ်ကြောင်း၊ အစည်းဝေး တက်ရောက်သော နိုင်ငံ အချို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
   Webradio