• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အေပက်အဖွဲ့ စက်မှုနှင့်ကုန်သွယ်ရေး ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် မိန့်ခွန်းပြောကြား

(GMT+08:00) 2017-11-11 09:08:36

အေပက်အဖွဲ့ ၂၅ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်း အဝေးသို့ တက်ရောက်ရန်နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်ရန် အတွက် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၀ရက်နေ့က ညနေ ၁နာရီခန့်က ဗီယက်နမ် နိုင်ငံ ဒါနမ်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

    ထိုနေ့ ညနေပိုင်းက ဒါနမ်တွင် အေပက်အဖွဲ့ စက်မှုနှင့်ကုန်သွယ်ရေး ထိပ်သီးခေါင်း ဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ရာ "ကမ္ဘာ့ စီးပွားရေး ဖွဲ့စည်းပုံ ပြောင်းလဲမှု အခွင့်ကောင်းကို ယူပြီး အာရှနှင့် ပစိဖိတ်ဒေသတွင် ပိုမိုကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်ရေး ရှာကြံရန်"ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားရာ အာရှနှင့် ပစိဖိတ်၏ အေးချမ်း တည်ငြိမ်ရေး၊ စည်ပင်သာယာရေးကို အာရှနှင့် ပစိဖိတ်ဒေသက ပြည်သူ အားလုံးသည် ပိုင်ဆိုင်ကြကြောင်း၊ အာရှနှင့် ပစိဖိတ်၏ အနာဂတ်ရေးကို အာရှနှင့် ပစိဖိတ် ပြည်သူများ အနေနှင့် လက်တွဲ ဖန်တီးပေးရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။

   Webradio