• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အေပက်အဖွဲ့ ခေါင်းဆောင်များနှင့် အာဆီယံ ခေါင်းဆောင်များ ဆွေးနွေးပွဲ တက်ရောက်

(GMT+08:00) 2017-11-11 08:55:41

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၀ ရက်နေ့က ဗီယက်နမ် နိုင်ငံ ဒါနမ် ဆိပ်ကမ်းမြို့၌ ကျင်းပသော အေပက်အဖွဲ့ ခေါင်းဆောင်များနှင့် အာဆီယံ ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့ကြောင်း၊ ခေါင်းဆောင်များသည် ပူးပေါင်းဆောင်ရွက်ပြီး စွမ်းအားသစ်ကို ဖေါ်ထုတ်၍ ကဏ္ဍစုံ ဆက်သွယ်ရေးနှင့် အာရှ ပစိဖိတ် တပြေးညီ ဖြစ်ရေးကို ဆွေးနွေးကြပြီး အေပက်နှင့် အာဆီယံ ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဆွေးနွေးပွဲတွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အေပက်အဖွဲ့နှင့် အာဆီယံ အဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်ပြီး အဆိုပြုချက်များကို တင်ပြခဲ့ကြောင်း၊ ယင်းတို့အနက် ဒေသတွင်း စီးပွါးရေး တပြေးညီ ဖြစ်ရေးကို လက်တွဲ တွန်းအားပေးခြင်း၊ အပြန်အလှန် ဆက်သွယ်မှု တည်ထောင်ရေးကို လက်တွဲ တွန်းအားပေးခြင်းနှင့် သက်ညှာ ထောက်ထားပြီး ဆက်တိုက် ဖွံ့ဖြိုးမှုကို လက်တွဲ တွန်းအားပေးခြင်း စသဖြင့် ပါဝင်ကြောင်း သတင်းရရှိပါသည်။

   Webradio