• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးများ ဖွင့်လှစ်

(GMT+08:00) 2017-11-10 16:16:29

အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးများကို ယခုလ ၁၀ရက်နေ့က ဖိလစ်ပိုင် နိုင်ငံ မနီလာ မြို့တော်တွင် ဖွင့်လှစ်လိုက်ကြောင်း၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၊ တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား၊ အမေရိကန်၊ ရုရှား အပါအဝင် နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၂၀ကျော်မှ ထိပ်သီးခေါင်းဆောင်များသည် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယခုအကြိမ် အစည်းအဝေးတွင် ဒေသတွင်း စီးပွားရေး တပြေးညီ ဖြစ်စေရေး၊ ဒေသတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လုံခြုံရေး၊ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး စသည့် ခေါင်းစဉ်များနှင့် ပတ်သက်၍ အလေးထားဆွေးနွေးမည် ဖြစ်ကြောင်း၊ အရှေ့အာရှ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ဖြစ်စဉ် တွန်းအားပေးရေးနှင့် အာရှ ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေး တွန်းအားပေးခြင်း ဆိုင်ရာ တရုတ်ပြည်မှ ခံယူချက် အပေါ် နိုင်ငံတကာ မိသားစုကြီးသည် အလွန် အာရုံစိုက်ကြမည် ဖြစ်ကြောင်း အကဲခတ် ပုဂ္ဂိုလ်များက ယူဆကြသည်။

 

   Webradio