• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ ဗီယက်နမ်ခရီးစဉ်သည်၊ နှစ်နိုင်ငံဆက်ဆံမှုဖွံ့ဖြိုးရေးအတွက် အရေးကြီး အဓိပ္ပါယ်ပါရှိ

(GMT+08:00) 2017-11-10 16:06:11

      တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ အေပက်အဖွဲ့ ၂၅ ကြိမ်မြောက်ထိပ်သီးများအလွတ်သဘော အစည်းအဝေးတက်ရောက်ရန်နှင့် ဗီယက်နမ်နိုင်ငံတွင် တရားဝင်ခရီးလှည့်လည်ရန်၊ ယခု လ ၁၀ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရသည်။

ယင်းနှင့်စပ်လျဉ်း၍၊ တရုတ်နှင့် ဗီယက်နမ်နိင်ငံမှ ပညာရှင်များက၊ ရှီကျင့်ဖိန်၏ ယခုအကြိမ်ဗီယက်နမ်ခရီးစဉ်သည်၊ နှစ်နိုင်ငံဆက်ဆံမှုဖွံ့ဖြိုးရေးအတွက် အရေးကြီး အဓိပ္ပါယ်ရှိကြောင်း ခံယူကြသည်ဟု သတင်းအရသိရသည်။

   Webradio