• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒါနန်း အေပက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် အလေးထားချက် ၃ချက်ရှိ

(GMT+08:00) 2017-11-07 15:23:17

၂၀၁၇ခုနှစ် အာရှနှင့် ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့(အေပက်) ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးများကို ယခုလ ၆ရက်နေ့က ဗီယက်နမ် နိုင်ငံ အလယ်ပိုင်း ဒါနန်းမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ အစည်းအဝေးများတွင် ယခုလ ၁၀ရက်နေ့မှ ၁၁ရက်နေ့အထိ ကျင်းပမည့် အေပက် ထိပ်သီးများ အလွတ်သဘော အစည်းအဝေးသည် လူအများ အာရုံအစိုက်ဆုံး ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

အကဲခတ်များက ယခုအကြိမ် အေပက် ထိပ်သီးများ အလွတ်သဘော အစည်းအဝေး တွင် အလေးထားချက် ၃ချက်ရှိကြောင်း၊ ယင်း၃ချက်တွင် အပြန်အလှန် ဆက်သွယ်ရေးကို အင်တိုက်အားတိုက် တွန်းအားပေးရေး၊ တံခါးဖွင့်မှုကို အစွမ်းကုန် ထိန်းသိမ်းကာကွယ် ရေးနှင့် ၂၀၂၀ပြည့်နှစ်နောက်ပိုင်း ရည်မှန်းချက်ကို စီမံချမှတ်ရေးတို့ ပါဝင်ကြောင်း ပြောကြား သည်။

   Webradio