• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ ဗီယက်နမ်ခရီးစဉ်အပေါ် ဖုန်ဟူဖူပြောဆို

(GMT+08:00) 2017-11-07 15:22:58

      တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပမည့် အေပက်အဖွဲ့ ၂၅ ကြိမ်မြောက် ထိပ်သီးများအလွတ်သဘောအစည်းအဝေးသို့ တက်ရောက်မည့်အပြင်၊ ဗီယက်နမ်နိုင်ငံ တွင် တရားဝင်ခရီးလှည့်လည်မည်ဖြစ်သည်။ ယင်းနှင့် စပ်လျဉ်း၍ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ သဘောတရား ကော်မရှင်အမြဲတမ်းဒု ဥက္ကဋ္ဌ ဖုန်ဟူဖူက အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ ဗီယက်နမ်ခရီးစဉ်သည်၊ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များညီလာခံအောင်မြင်စွာ ကျင်းပခဲ့ သည့်နောက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော်ခေါင်းဆောင်၏ ပထမ ဆုံးအကြိမ် နိုင်ငံခြားခရီးစဉ်ဖြစ်ပြီး၊ တရုတ်-ဗီယက်နမ်ဆက်ဆံမှု၏ အရေးကြီးပုံကို ပြသ လျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်က ဖော်ပြသည်။

   Webradio