• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး တက်ရောက်မည်၊ ဖိလစ်ပိုင်သို့ ခရီးလှည့်လည်မည်

(GMT+08:00) 2017-11-07 09:32:03

အာဆီယံ အလှည့်ကျ သဘောပတိ နိုင်ငံ ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတယ်၏ ဖိတ်ကြားချက်အရ တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ အထိ မနီလာ၌ ကျင်းပမည့် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသို့လည်း တရားဝင် ခရီး လှည့်လည်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ယခုလ ၆ ရက်နေ့က ကျင်းပသော တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံခြားရေး ဝန်ကြီး လက်ထောက် ချင်ရှောင်တုန်းက၊ ဝန်ကြီးချုပ် လီခေ့ချန်သည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး ဆိုင်ရာ အဆိုပြုချက်သစ် ၃၀ ရပ်ကို တင်ပြမည် ဖြစ်ပြီး တရုတ်-အာဆီယံ ဆက်ဆံမှု အဆင့်မြှင့်တင်ရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင် ခရီးစဉ်နှင့် ပတ်သက်ပြီး ချင်ရှောင်တုန်းက၊ လီခေ့ချန်သည် ဖိလစ်ပိုင် သမ္မတ ဒူတာတယ်၊ အထက်လွှတ်တော် ဥက္ကဋ္ဌနှင့် အောက်လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio