• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အေပက်အဖွဲ့ ထိပ်သီးအစည်းအဝေး ဗီယက်နမ် ဒါနမ်၌ ဖွင့်လှစ်

(GMT+08:00) 2017-11-07 09:27:36

၂၀၁၇ ခုနှစ် အာရှ ပစိဖိတ်ဒေသ စီးပွါးရေး ပူးပေါင်းဆောင်ရွက်ရေး အေပက်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ယခုလ ၆ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဒါနမ် ဆိပ်ကမ်းမြို့၌ ဖွင့်လှစ်ခဲ့ပြီ ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အစည်းအဝေး အတောအတွင်း၊ စက်မှုနှင့် ကုန်သွယ်မှု အတိုင်ပင်ခံကောင်စီ အစည်းအဝေး၊ အဆင့်မြင့် အရာရှိများ အစည်းအဝေး၊ ဝန်ကြီးများ အစည်းအဝေး၊ စက်မှုနှင့် ကုန်သွယ်မှု ခေါင်းဆောင်များ အစည်းအဝေးများ ကျင်းပမည် ဖြစ်ပြီး လူအများ အာရုံ စိုက်ကြသော အေပက် ထိပ်သီး ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio