• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

APEC အစည်းအဝေး ကျင်းပမည်

(GMT+08:00) 2017-11-06 16:34:53

၂၀၁၇ခုနှစ် အာရှနှင့် ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့(APEC) ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကို ယခုလ ၆ရက်နေ့မှ ၁၁ရက်နေ့အထိ ဗီယက်နမ် နိုင်ငံ အလယ်ပိုင်း Da Nangမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် Da Nangမြို့သည် ယခုအကြိမ် အစည်းအဝေး အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားသည်။

ယခုအကြိမ် အစည်းအဝေး အတွက် Da Nangမြို့ အစိုးရသည် Da Nangမြို့၏ လေဆိပ်၊ ဟိုတယ်၊ အစည်းအဝေး စင်တာ၊ မီဒီယာ စင်တာနှင့် စီမံအုပ်ချုပ်ရေး စင်တာစသည့် အဆောက်အအုံများကို ပြန်လည် ပြင်ဆင်မွမ်းမံပြီး Da Nangလေဆိပ်၏ လေယာဉ်များ ဆင်းသက်ရပ်နားရန် နေရာကို တိုးချဲ့ဆောက်လုပ်ကာ E7လေယာဉ် ပြေးလမ်းနှင့် VIPဟိုတယ်ကို ဆောက်လုပ်ခဲ့ကြောင်း၊ ယခုအကြိမ် အစည်းအဝေး၏ နိုင်ငံတကာ မီဒီယာ စင်တာသည် ယခုလ ၅ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ နိုင်ငံ အသီးသီးမှ သတင်းထောက် ၂၆၀၀ကျော်သည် ဗီယက်နမ်သို့ သွားရောက် သတင်းရယူမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင်၊ Da Nangသည် အစည်းအဝေး ဆိုင်ရာ လုံခြုံရေး၊ ဆေးဝါးကုသရေး ဟိုတယ် ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်း ၆၈၅ဦး အတွက် အင်္ဂလိပ်ဘာသာနှင့် အခြားသက်ဆိုင်ရာ လုပ်ငန်းတွေနှင့် ပတ်သက်ပြီး လေ့ကျင့်ပေးခဲ့ကြောင်း၊ Da Nangမြို့မှ ရဲ ၁၅၀၀၊ ယာဉ်ထိန်းရဲ ၈၀၀၊ မီးသတ်သမား ၅၀၀နှင့် ဆေးကုသရေး ဝန်ထမ်း ၅၀၀တို့သည် အစည်းအဝေး အတွက် လုံခြုံရေးနှင့် ဆေးဝါးကုသရေး ဝန်ဆောင်မှု ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

   Webradio