• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လာအိုဝန်ကြီးချုပ်သည် တရုတ်-လာအိုရထားလမ်း လုပ်ငန်းစဉ် အောင်မြင်မှုကို ချီးကျူး

(GMT+08:00) 2017-11-06 14:20:12

လာအိုအစိုးရ ဝန်ကြီးချုပ် သွန်လွန်သည် ယခုလ ၄ရက်နေ့က လာအိုနိုင်ငံ မြောက်ပိုင်းရှိ Oudomxay ပြည်နယ်ရှိ တရုတ်-လာအိုရထားလမ်း လုပ်ငန်းခွင်သို့ ကြည့်ရှုရာတွင် ဆောက်လုပ်ရေး အောင်မြင်မှုကို ချီးကျူးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ်-လာအိုရထားလမ်းသည် မြောက်ပိုင်း နှစ်နိုင်ငံ နယ်စပ်ဒေသဖြစ်သော Bohan- Botenဂိတ်မှ  တောင်ပိုင်း ဗီယင်ကျန်းအထိဖြစ်ကာ၊ ကီလိုမီတာ ၄၀၀ကျော် ရှည်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆.၀၂၈ဘီလီယံနီးပါးရှိကြောင်း၊ ၎င်းရထားလမ်းသည် တရုတ်နိုင်ငံမှ အဓိကရင်းနှီးမြှုပ်နှံ၍ တည်ဆောက်သော၊ ပူးတွဲလုပ်ကိုင်သော၊ တရုတ်ရထားလမ်းကွန်ရက်နှင့် တိုက်ရိုက် ချိတ်ဆက်သော ပထမဆုံး ပြည်ပ ရထားလမ်း လုပ်ငန်းစဉ် ဖြစ်ကြောင်း၊ တရုတ်နည်းပညာစံချိန်နှင့် တရုတ်ပြည်ထုတ် စက်ကိရိယာများကို သုံးစွဲနေကြောင်း သိရှိပါသည်။

   Webradio