• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနှင့် ဝန်ကြီးချုပ်တို့သည် ဝမ်ယိနှင့် တွေ့ဆုံ

(GMT+08:00) 2017-11-06 10:58:15

        ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နွမ်ပူတရုန်နှင့် ဗီယက်နမ်အစိုးရ ဝန်ကြီးချုပ် နွမ်ရွှမ်ပွတ်တို့သည် ယခုလ ၃ ရက်နေ့က ဟနွိုင်းမြို့၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အသီးသီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာတွင် နွမ်ပူတရုန်နှင့် နွမ်ရွှမ်ပွတ်တို့က ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အောင်မြင်စွာ ကျင်းပခဲ့ခြင်းအပေါ် ထောမနာပြုပြီး ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို တရုတ်ကွန်မြူနစ်ပါတီ၏ လမ်းညွှန်အတွေးအခေါ်အဖြစ် သတ်မှတ်ခဲ့ခြင်းအပေါ်လည်း ထောမနာပြုကြောင်း၊ ဗီယက်နမ်ဘက်က ၁၉ ကြိမ်မြောက် ညီလာခံ၏စိတ်ဓာတ်ကို လေ့လာပြီး အောင်မြင်မှု အတွေ့အကြုံများကို အတုယူကာ  မိမိနိုင်ငံ၏ ဆိုရှယ်လစ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio