• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အေပက် ထိပ်သီးအစည်းအဝေးနှင့် ဗီယက်နမ်၊ လာအို ခရီး စတင်မည်

(GMT+08:00) 2017-11-06 08:58:16

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက၊ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီယက်နမ်၌ ကျင်းပမည့် ၂၅ ကြိမ်မြောက် အေပက်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အလွတ် သဘော အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ပြီး ထို့နောက် ဗီယက်နမ်နှင့် လာအို နိုင်ငံသို့လည်း ခရီးလှည့်လည်မည် ဖြစ်ကြောင်း ယခုလ ၃ ရက်နေ့က ကြေညာခဲ့ပါသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး လီပေါင်တုန်းက၊ အေပက်အဖွဲ့၏ တံခါးဖွင့် ဖွံ့ဖြိုးရေး ဦးတည်ချက်ကို ပူးတွဲ ထိန်းသိမ်းနိုင်ရန်၊ အာရှ ပစိဖိတ်ဒေသ ဖွံ့ဖြိုးရေး စွမ်းအားသစ်ကို ပူးတွဲ ဖေါ်ထုတ်နိုင်ရန်နှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကို ပူးတွဲ ရေးဆွဲချမှတ်နိုင်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ပြောကြားပါသည်။

   Webradio