• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၅ကြိမ်မြောက် အေပက်အဖွဲ့ ထိပ်သီးများအလွတ်သဘောအစည်းအဝေး ရှီကျင့်ဖိန် တက်ရောက်ရေး နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းစာရှင်းလင်းပွဲကျင်းပ

(GMT+08:00) 2017-11-04 16:37:57

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည်၊ ယခုလ ၃ ရက်နေ့က ပြည်တွင်းပြည်ပမီဒီယာ များအတွက် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒု ဝန်ကြီး လီပေါ်တုန်း၊ ဝန်ကြီးလက်ထောက်ချိန်ရှောင်တုန်းနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဝမ်ရှုဝင်တို့က၊ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ၂၅ ကြိမ်မြောက် အေပက်အဖွဲ့ ထိပ်သီးများ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်ပြီး၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတွင် တရားဝင် ခရီးလှည့်လည်မည့်အကြောင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြသည်ဟု ဆင်ဟွာ သတင်းအရသိရသည်။

   Webradio