• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အေပက်အဖွဲ့ ၂၅ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေး တက်ရောက်မည်

(GMT+08:00) 2017-11-03 09:55:40
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခန်းက၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီယက်နမ် နိုင်ငံ ဥက္ကဋ္ဌ ထရန်ဒိုင်ဂွမ်၏ ဖိတ်ကြားချက်အရ ယခုလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဒါနန် ဆိပ်ကိမ်းမြို့၌ ကျင်းပမည့် အေပက်အဖွဲ့ ၂၅ ကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ ထို့ပြင် ရှီကျင့်ဖိန်သည် ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဗီယက်နမ်နှင့် လာအို နိုင်ငံ နှစ်နိုင်ငံသို့လည်း ခရီးလှည့်လည်မည် ဖြစ်ကြောင်း ၃ ရက်နေ့က ကြေညာခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။
   Webradio