• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ ရှန်ဟိုင်း၌ ကျင်းပမည်

(GMT+08:00) 2017-11-03 09:09:16

ပထမ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကို လာမည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ တရုတ်ပြည် ရှန်ဟိုင်းမြို့ နိုင်ငံတကာ ညီလာခံနှင့် ပြပွဲ စင်တာ၌ ကျင်းပမည် ဖြစ်ပြီး နိုင်ငံနှင့်ဒေသ ၁၀၀ ကျော်မှ လုပ်ငန်းကုမ္ပဏီများ တက်ရောက် ခင်းကျင်းပြသမည်ဟု ခန့်မှန်းရကြောင်း တရုတ် နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ ယခုလ ၂ ရက်နေ့က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲမှ သတင်းအရ သိရပါသည်။

ပထမ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ၏ စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်းမီတာ ၂ သိန်း ၄ သောင်းကျော် ရှိမည် ဖြစ်ပြီး ပြပွဲတွင် နိုင်ငံတကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အထွေထွေ ပြပွဲနှင့် လုပ်ငန်းကုမ္ပဏီများ ကုန်စည်ပြပွဲ ပါဝင်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio