• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ပထမ ၉ လ အတွင်း တရုတ်ပြည် စက်မှု စီးပွါးရေး မြန်မြန်မှန်မှန် တိုးတက်လာ

(GMT+08:00) 2017-10-30 09:56:41

တရုတ် စက်မှုနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်က၊ ယခုနှစ် ပထမ ၉ လ အတွင်း တရုတ်ပြည် စက်မှု စီးပွါးရေး လည်ပတ်မှု အခြေအနေသည် လျာထားသည်ချက် ကောင်းမွန်ပါကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် စက်မှုနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လည်ပတ်မှု အခြေအနေ တိုင်းတာ ညှိနှိုင်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကျင့်လိရှင်းက၊ ယခုနှစ် ပထမ ၉ လ အတွင်း ကုန်ထုတ်လုပ်မှု တိုးတက်မှု တန်ဖိုး တိုးတက်နှုန်းမှာ ၇့ ၃ ရာခိုင်နှုန်း ရှိကြောင်း၊ ကုန်ထုတ်လုပ်မှု အခြေအနေ ကောင်းမွန်သော လုပ်ငန်းကုမ္ပဏီများသည် စုစုပေါင်း ပမာဏ၏ ၄၈ ရာခိုင်နှုန်း ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၁၀့ ၆ ရာခိုင်နှုန်း တိုးလာကြောင်း၊ ၉ လအတွင်း စုစုပေါင်း အမြတ်အစွန်းသည်လည်း ၂၂့ ၈ ရာခိုင်နှုန်း တိုးလာကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

   Webradio