• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရခိုင်ပြည်နယ်အခြေအနေဆိုင်ရာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ဖော်ပြောကြား

(GMT+08:00) 2017-10-12 14:30:46

     တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းယဉ်က၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် သက်ဆိုင်ရာ ပြဿနာများကို တိုင်ပင်ဆွေးနွေးရေးနည်းလမ်းဖြင့် စောလျင်ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန်၊ တရုတ်ပြည်က မျှော်လင့်ပါကြောင်း ယခုလ ၁၁ ရက်နေ့က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောကြားခဲ့ သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

ဟွာချွန်းယဉ်က၊ သက်ဆိုင်ရာ ပြဿနာများကို တိုင်ပင်ဆွေးနွေးရေးနည်းလမ်းဖြင့် စောလျင်ကောင်းမွန်စွာ ဖြေရှင်းပြီး၊ စစ်မီးများကို စောလျင်စွာ ငြိမ်းသွားစေကာ၊ အပြစ်ကင်းမဲ့သူများအား ဆက်မထိခိုက်စေရန် တရုတ်ပြည်က မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။

 

   Webradio