• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စနစ်တည်ဆောက်ရေးသည် တရုတ် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဟု စင်ကာပူ ပညာရှင်ဆို

(GMT+08:00) 2017-10-10 16:21:40

၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံကို ယခုလ ၁၈ရက်နေ့တွင် ပီကင်းတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ နိုင်ငံခြား ပညာရှင်များသည် ယင်းအရေးကြီးသည့် အစည်းအဝေး အပေါ် ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်နေကြကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

စင်ကာပူ အမျိုးသား တက္ကသိုလ် အရှေ့အာရှ သုတေသန ဌာန ဌာနမှူး၊ ပါမောက္ခ ကျင့်ယုံညဏ်က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံခဲ့ရာ မကြာခင် နှစ်များက တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုသည် တရုတ် ကွန်မြူနစ်ပါတီမှ ပြုပြင်ပြောင်းလဲမှုနှင့် တည်ဆောက်ခြင်း အဆက်မပြတ် ဆောင်ရွက်ခြင်းနှင့် ခွဲမရကြောင်း၊ ၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာ အထွေထွေ ညီလာခံ ကျင်းပခဲ့သည့် နောက်ပိုင်း တွင် တရုတ်ပြည်သည် စီးပွားရေး ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး တည်ငြိမ်မှု၊ နိုင်ငံတော် ကာကွယ်ရေး တည်ဆောက်ခြင်း စသည့် နယ်ပယ်များ၌ လျင်မြန်စွာ ဖွံ့ဖြိုးတိုးကတ်လာနေကြောင်း၊ ယင်းဖွံ့ဖြိုးတိုးတက်မှုများတွင် စနစ်တည်ဆောက်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း၊ ယင်းသည် နိုင်ငံတော်၊ လူမှုရေးနှင့် ဥပဒေ စနစ်များမှ လိုအပ်မှုနှင့် ကိုက်ညီကြောင်းလည်း ယူဆသည်ဟု ပြောကြားသည်။

   Webradio