• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အချင်းပွားမှုဒေသအပစ်အခတ်ရပ်စဲခြင်းကို ဒီဇင်ဘာလအထိ အချိန်တိုးမည်ဟု ဆူဒန် သမ္မတ ကြေညာ

(GMT+08:00) 2017-10-09 15:01:39

      ဆူဒန်သမ္မတ Omar al-Bashir က၊ အချင်းပွားမှုဖြစ်ပွားရာဒေသတွင် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းကို ယခုနှစ် ဒီဇင်ဘာလအထိ အချိန်တိုးပေးမည်ဖြစ်ကြောင်း ယခုလ ၈ ရက်နေ့ညက ကြေညာခဲ့သည်ဟု ဆူဒန်သတင်းဌာနမှ သတင်းကို ကိုးကား၍ ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

ယခုအကြိမ်အပစ်အခတ်ရပ်စဲခြင်း၏ ရည်ရွယ်ချက်မှာ ဆူဒန်နိုင်ငံ တောင် Kordofan ပြည်နယ်နှင့် Blue Nile River ပြည်နယ်အကြားစေ့စပ်ဆွေးနွေးရေးအတွက် ငြိမ်းချမ်းသော အခြေအနေဖန်တီးပေးပြီး၊ ဆူဒန်တစ်ပြည်လုံးငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို စောလျင်စွာ အကောင်အထည်ဖော်ဆောင်ခြင်းဖြစ်ကြောင်း သတင်းအရသိရသည်။

   Webradio