• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာမှ ဘင်္ဂလာဒေ့ရှ်သို့ ခုတ်မောင်းသော သင်္ဘောတစ်စင်း နစ်မြှုပ်မှုကြောင့် လူ ၂ ဦးသေဆုံးပြီး ၃၀ ပျောက်ဆုံး

(GMT+08:00) 2017-10-09 10:46:08

        ယခုလ ၈ ရက်နေ့ညက ဘင်္ဂါလီများသယ်ဆောင်လာသော သင်္ဘောတစ်စင်းသည် မြန်မာနိုင်ငံမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ခုတ်မောင်းခဲ့ရာ နစ်မြှုပ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ၂ ဦးထက်မနည်း သေဆုံးပြီး ၃၀ဦး ပျောက်ဆုံးကာ ၈ ဦး ကယ်ဆယ်ရရှိထားကြောင်း ဘင်္ဂလာဒေ့ရှ်မီဒီယာကို ကိုးကား၍ ဆင်ဟွာ သတင်းဌာနက ရေးသားသည်။

        ယင်းသင်္ဘောသည် ၈ ရက်နေ့ည ၉ နာရီခွဲခန့်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံ တောင်ပိုင်း ဘင်္ဂလာဒေ့ရှ်-မြန်မာ နယ်စပ်ဒေသရှိ မြစ်ပေါ်၌ နစ်မြှုပ်ခဲ့ပြီးနောက် ရဲဘက်သည် ရုပ်အလောင်း ၂ လောင်း တွေ့ရှိပြီး ဘင်္ဂါလီ ၈ ဦး ကယ်ဆယ်ခဲ့ကြောင်း ဒေသခံရဲဘက်က မီဒီယာများအား ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio