• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆီးရီးယား တပ်ဖွဲ့၏ အိုင်အက်စ် အခြေစိုက်စခန်း ပြန်လည် သိမ်းယူမှုတွင် တိုးတက်မှု ရရှိ

(GMT+08:00) 2017-10-08 14:21:19

ဆီးရီးယားအစိုးရတပ်ဖွဲ့သည် ယခုလ ၇ ရက်နေ့က အိုင်အက်စ် အစွန်းရောက်အဖွဲ့ သိမ်းပိုက် ထားသော ဒေဇိုရ်ပြည်နယ် မေယာဒီမြို့ အစိတ်အပိုင်းကို ထိုးစစ်ဆင်ပြီး ပြန်လည် သိမ်းယူ နိုင်ခဲ့၍ မေယာဒီမြို့ ပြန်လည်သိမ်းယူရေး စစ်ပွဲတွင် တိုးတက်မှု ရရှိခဲ့ပြီ ဖြစ်ကြောင်း၊ ထို့ပြင် ဆီးရီးယား အစိုးရတပ်ဖွဲ့နှင့် ရုရှား တိုက်လေယာဉ်များသည် ၇ ရက်နေ့က မေယာဒီမြို့နှင့် နယ်စပ်ဒေသ အာဘူကာမေမြို့ ကြားရှိ အိုင်အက်စ်အဖွဲ့၏ အခြေစိုက်စခန်းကို ဗုံးကြဲတိုက်ခိုက် ခဲ့ရာ အိုင်အက်စ်၏ အခြေခံ အဆောက်အအုံများကို ဖျက်ဆီးခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

မေယာဒီမြို့နှင့် အာဘူကာမေမြို့သည် အိုက်အက်စ် ထိန်းချုပ်သော အရေးကြီး အခြေစိုက် စခန်း နှစ်ခု ဖြစ်ကြောင်း သိရပါသည်။

   Webradio