• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီရန်၏ အောင်ကျိုးရလဒ်ကို လုယူနိုင်မည် မဟုတ်ဟု လူဟာနီ ဆို

(GMT+08:00) 2017-10-08 14:21:00

အီရန် သမ္မတ လူဟာနီက၊ အီရန်က အီရန် နျူကလီးယား သဘောတူစာချုပ်မှ ရရှိသော အကျိုးစီးပွါးကို ဖျက်သိမ်းလို့ မရကြောင်း၊ အထက်ပါ အပြုသဘော ဆောင်သော အောင်ကျိုးရလဒ်များကို လုယူနိုင်မည် မဟုတ်ကြောင်း ယခုလ ၇ ရက်နေ့က တီဟီရန် တက္ကသိုလ်၌ ပြောကြားခဲ့သည်ဟု အီရန် မီဒီယာမှ သတင်းကို ကိုးကား၍ စီအာအိုင် သတင်းတွင် ရေးသားဖေါ်ပြထားသည်။

ယခု လောလောဆယ်တွင် အမေရိကန် အစိုးရက နျူကလီးယား သဘောတူစာချုပ် လိုက်နာခြင်း ကိစ္စအပေါ် ပြောင်းလဲမှု ပေါ်ထွက်ခဲ့သည့် အခြေအနေကို ရည်စူးပြီး လူဟာနီက ထိုသို့ ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

   Webradio